ဥတ္တရသီရိ ဩဂုတ် ၂၅
နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသာ ဝန်ထမ်းများအား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ယမန်နေ့မွန်းလွဲပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အခြေခံစားသောက်ကုန်များကိုလည်းကောင်း၊ ဦးတိုးတိုး ဆန်ရောင်းဝယ်ရေးလုပ်ငန်းမှ မနောသုခဆန် တစ်ပြည်လျှင် ၃၅၀ဝ ကျပ်နှုန်းဖြင့်လည်းကောင်း၊ မြို့နယ်စားအုန်းဆီ လက်လီအရောင်းကိုယ်စားလှယ် ဒေါ်ဝင်းသန္တာမှ စားအုန်းဆီ တစ်ပိဿာလျှင် ၆၈၃ဝ ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)