နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်တောင်သူများ၏ လယ်မြေများတွင် စပါးဖျက်ပိုးကျရောက်မှု ကာကွယ်နှိမ်နှင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

သုံးခွ သြဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် သမဝါယမဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  မိုးစပါးစိုက်တောင်သူများ၏ လယ်မြေများတွင်  စပါးဖျက်ပိုးကျရောက်မှု ကာကွယ်နှိမ်နှင်းရေး အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက် ၉ နာရီအချိန်က ကတုံးပေါ်အလယ်ကျေးရွာ ဦးမြင့်သန်း၏ လယ်မြေနေရာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဒေါ်နွယ်နွယ်အေးက မြို့နယ်သမဝါယမအသင်းစုမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မိုးစပါးစိုက်လယ်မြေများတွင် မိုးရွာသွန်းမှုများသဖြင့် စပါးဖျတ်ပိုးကျရောက်မှုအား ကာကွယ်နှိမ်နှင်းခြင်းဆိုင်ရာအကြောင်အရာများကို ဆွေးနွေးခဲ့သည်။ ထို့နောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မြင့်အောင်က ဖြုတ်ပိုး၊ နှံဆုပ်ပိုးကျရောက်မှုကာကွယ်နှိမ်နှင်းရေးနည်းလမ်းများကို  အသင်းသားတောင်သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်သမဝါယမအသင်းစုမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရန် အသင်းသားတောင်သူ (၃၀၅) ဦးအတွက် စိုက်ဧက (၂၆၃၅) စိုက်ပျိုးရန် (၅၂၇၀ )ကျပ်သိန်းနှင့် ညီမျှသော သွင်းအားစုများထုတ်ပေးထားကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်