မိုင်းယောင်း ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတွင် ဆွမ်းစားကျောင်းဆောင်အသစ် တည်ဆောက်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဘဒ္ဒိယနှင့် ဆရာတော် သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ တပ်နယ်/တပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းဂေါပကအဖွဲ့များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ထေရဝါဒဗုဒ္ဓသာသနာပြု (မိုင်းယု) ကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဘဒ္ဒိယထံမှ ဩဝါဒကထာများ နာယူကြည်ညိုပူဇော်ခဲ့သည်။
ထို့နောက် မြေနူတ်/မြေသန့်ပြုလုပ်ခြင်း၊ ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း ဆောင်ရွက်ခဲ့ကြကာ ထေရဝါဒဗုဒ္ဓသာသနာပြု (မိုင်းဟန်)ကျောင်းဆရာတော်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ ရေစက်ချ တရားနာယူ၍ ပန္နက်တော်ကြိုးဆွဲခြင်း၊ ပန္နက်တော်တင်ခြင်း၊ တွင်းတော်ဝင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)