သတင်းများ

လားရှိုးမြို့တွင် ဆောင်းတွင်းကာလအတွင်း ရှမ်းရိုးရာအစားအစာ နှမ်းထောင်းခေါပုတ်များ ရောင်းအားကောင်းလျက်ရှိ
Jan 30,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးဒေသထွက် ရှမ်းရိုးရာ နှမ်းထောင်းခေါပုတ်များ ဈေးကွက်အတွင်း ရောင်းအားကောင်းလျက်ရှိနေကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်/ဆင်း ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်
Jan 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ယနေ့မွန်းလွဲပိုင်း (၁)နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ နေအိမ်များအား မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် မီးလောင်မှုများ မဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်/ဆင်းလိုက်လံစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
သာပေါင်းမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဂုံမင်းကျေးရွာအုပ်စု၊ အမှတ် (၁၂) မြောင်းကူးကွန်ကရစ် (ကုန်ထုတ်တံတား) တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး
Jan 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စု၊ သဲဗွက်ကျေးရွာ၌ အမှတ် (၁၂) မြောင်းကူးကွန်ကရစ် (ကုန်ထုတ်တံတား) တည်ဆောက်ရေးလုပ်ငန်းခွင်အား မြိုနယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဇန်နဝါရီ ၂၈ နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ ၉၅၁၁၀ ဧကစိုက်ပျိုးပြီးစီး
Jan 30,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံများဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာနီ၊ စွန်တာပြာ၊ ကုလားပဲ၊ ပဲလွမ်း၊ ပဲကြီး၊ စားတော်ပဲနှင့်အခြားပဲ ၉၆၆၆၈ ဧကလျာထားပြီး ယမန်နှစ် စက်တင်ဘာလက စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ပဲမျိုးစုံသီးနှံ ၉၅၁၁၀ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းဖြင့် မိသာစုဝင်ငွေရရှိ
Jan 30,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဆောင်းရာသီ၌ တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးသူများ မိသားစုဝင်ရရှိ၍ အဆင်ပြေကြကြောင်း သိရသည်။
နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး 
Jan 30,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမစက်ဝန်းထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဝက်ချုပ်ကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတိပေးနှိုးဆော်ချက်များ လှည့်လည်နှိုးဆော်
Jan 30,2024
ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်နှင့် မီးလောင်၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် ယနေ့ည ၇ နာရီက ဆောင်ရွက်ကြောင်း သိရသည်။
သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပိဿလိမ်း (ကုန်း) ကျေးရွာနေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံဆွေးနွေး
Jan 30,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပိဿလိမ်း(ကုန်း)ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။