နာဂဒေသ၊ လဟယ်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အကြိုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

  လဟယ်  ဇန်နဝါရီ   ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်၂၀၂၄ခုနှစ်၊ လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းတွင် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများဖြစ်သောအဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်(၉)ခွဲအချိန်က နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊‌ ဒေသစီမံအုပ်ချုပ်‌‌ရေးအဖွဲ့ အတွင်းရေးမှူး ဦးလင်းကိုကို၊ ဒေသလ၀ကဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးစိုးတင့်အောင်နှင့် လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလျက် ကြည့်ရှုစစ်‌ဆေးပါသည်။

အဆိုပါလူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အကြိုလုပ်ငန်းကို လာမည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးအတွက် အကြိုလုပ်ငန်းဖြစ်သည့် အဆောက်အုံစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းကို နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (လေရှီး၊ လဟယ်၊ နန်းယွန်း)အတွင်းရှိ မြို့နယ်(၃)မြို့နယ်ရှိ ရပ်ကွက်ပေါင်း (၁၉)ရပ်ကွက်တွင် သန်းခေါင်စာရင်း ကောက်ကွက်(၂၄)ကွက်အား ကွင်းဆင်းကောက်ယူ သွားမည့် အဆောက်အအုံတစ်ခုခြင်း၏ အသုံးပြုမှု အမျိုးအစားအလိုက် စာရင်းပြုစု မှတ်တမ်းတင်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ နာဂဒေသ၊ ဒေသလ၀က ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးတင့်‌ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)