မင်းတုန်း ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် ယနေ့နံနက် ၁၀ နာရီခွဲက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးထင်လင်းအောင်နှင့် ၀န်ထမ်းများက မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်တွင် မီးသတ်ယာဉ်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။
ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ရာတွင် ပြည်သူများ၏ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေနှင့် မီးသတ်ဆေးဘူးများ အသင့်ထားရှိရန်၊ မီးလောင်လွယ်ပစ္စည်းများထားရှိခြင်း မပြုရန်၊ လောင်စာများ သိုလှော်ထားခြင်းမပြုရန်၊ ထမင်းဟင်းချက်ပြုတ်ပြီးပါက မီးကြွင်း၊ မီးကျန်များကို စနစ်တကျငြိမ်းသတ်ရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)