သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြုဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံပေး

သဲကုန်း ဖေဖော်ဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် "ကလေးငယ်တိုင်းရောဂါကင်းဝေးရေး ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံတိုက်ကျွေးပေး" ဟူသောဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်း(ပေါက်တာ)၌ ကျောင်းအခြေပြု(၅ နှစ်မှ ၇ နှစ်) (KG)ကလေးများအား ​ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးထိုးနှံ​ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား၊ ကျောင်းသူမိဘများအား ဖြစ်ပွားတတ်သောရောဂါများအား ရှင်းလင်းပြောကြားခဲ့ပြီး အသက်(၅)နှစ်မှ (၇)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးအား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီလ(၃၀)ရက်နေ့မှစတင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက အဖွဲ့ခွဲ၍ ကျောင်းများအလိုက် ထိုးနှံပေးလျက်ရှိ​ပြီး မြို့နယ်အတွင်းရှိ ကျောင်းများတွင် ကျန်ရှိသော KG ကျောင်းသား၊ ကျောင်းသူများအား ဖေဖော်ဝါရီလ(၅)ရက်နေ့အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုကျော်(ပြန်/ ဆက်)