ချောက်မြို့နယ်ပညာရေးမှူးဖလား အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ
Jul 15,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မျိုးဆက်သစ်လူငယ်အားကစားသမားပေါ်ထွက်လာစေရန်၊ ဝန်ကြီးချုပ်ဖလားဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်အဆင့်ဘော လုံးလက်ရွေးစင်ကစားသမားပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ရာ ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ယှဉ်ပြိုင်ကစားခဲ့ရာ အ.ထ.က(စလေ)အသင်းမှ အ.ထ.က (၂) ချောက်အသင်းအား သုံးဂိုးပြတ်ဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။