ကွန်ဟိန်းမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲဆောင်ရွက်

ကွန်ဟိန်း ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများမှ တစ်ဦးချင်းအလိုက် ကဗျာရွတ်ဆိုခြင်းများအား ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သည်။

ထို့နောက် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအား ကျောင်းသား၊ ကျောင်းသူများ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်လာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)