တပ်ကုန်းမြို့နယ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးဟောပြောပွဲနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်

တပ်ကုန်း ဇူလိုင် ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ရှင်းလင်းပြောကြားခြင်းနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဗိုလ်မင်းရောင်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ညွှန့်ရွှေအောင်က ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရေး၊ ရေဝပ်၊ ရေတင်ကျန်ရစ်မှု မရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ သက်ဆိုင်ရာရပ်ရွာပြည်သူ လူထုပူးပေါင်းဆောင်ရွက်ရေး၊ အဘိတ်ဆေးအသုံးပြုပုံအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်ပြည်သူများက သိရှိလိုသည်များ မေးမြန်ခဲ့ရာ တာဝန်ရှိသူများ ပြန်လည်ဖြေကြားပေးခဲ့ သည်။

ထို့နောက် တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညွှန့်ရွှေအောင်က ကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်း၍ မြို့မရဲစခန်းဝင်နှင့် ရပ်ကွက်အိမ်ထောင်စုများ အသုံးပြုသည့် အုတ်ရေကန်၊ ရေစည်ပိုင်းများအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဘုရားအိုး၊ တာယာဟောင်းများအား ပိုးလောက်လမ်းနှိမ်နင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်