စမ်းချောင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

စမ်းချောင်း ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်‌ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှ ၀န်ထမ်းများက ပန်းခင်းစီမံချက်အဆင့် ၃ ဖြင့် အခြေခံပညာကျောင်းများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုအား စမ်းချောင်းမြို့နယ်၊ ကျွန်းတော(တောင်)ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)