ဖျာပုံမြို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ စီးနင်းသုံးစွဲမှု မရှိစေရေး စစ်ဆေးဆောင်ရွက်
Jun 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အမှတ် (၈၀) ယာဥ်ထိန်းတပ်ဖွဲ့ (ဖျာပုံ) မှ ဒုရဲအုပ် ဝိုင်းအောင်ချစ်ခေါင်းဆောင်သော ယာဥ်ထိန်းတပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်း မော်တော်ယာဥ်မောင်းနှင်သွားလာကြသူများအား လိုင်စင်မဲ့မော်တော်ယာဉ်များ စီးနင်းသုံးစွဲမှုမရှိစေရေး၊ မော်တော်ဆိုင်ကယ်စီးနင်းမောင်းနှင်ကြသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်ပါ/မပါ စသည်တို့ကို မြို့ပေါ်ရပ်ကွက်များနှင့် မြို့ဝင် မြို့ထွက်နေရာများသို့ လှည့်လည်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း ဆောင်ရွက်ကြသည်။