လမ်းမတော်မြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ဇွန် ၃ ရက်နေ့ နံနက် ၉ နာရီတွင် လမ်းမတော်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်က အဖွင့်အမှာစကားပြောကြားပြီး လမ်းမတော်မြို့နယ် အခွန်ဦးစီးဌာနမှူး ဦးကျော်ထွန်းနိုင်က အခွန်ဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင် အခွန်ထမ်း စုစုပေါင်း (၁၅၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့် (ပြန်/ဆက်)