သတင်းများ

ထားဝယ်မြို့၌ ဌာနဆိုင်ရာရုံးများသို့ သုတ/ရသ စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Jun 10,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Busဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ဌာနဆိုင်ရာရုံးများသို့ သုတ/ရသစာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Jun 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြကို ယနေ့နံနက်ပိုင်းက ဆားမလောက်ကျေးရွာ၊ နည်းပညာ ပြန့်ပွားရေးစင်တာရှိ တောင်သူ(၇)ဦးတို့၏ လယ်မြေ(၅၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းပညာရပ်များ သင်ကြားနိုင်ရေးအတွက် အခြေခံပညာအခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် (၃)မိုင်မြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းပညာရပ်များ သင်ကြားနိုင်ရေးအတွက် အခြေခံပညာအခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ
Jun 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ရှိန်မြှင့်တင်စေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁) နာရီက ကျင်းပခဲ့သည်။
ငပုတောမြို့နယ်၌ ပန်းတိုင်အတွက်နှုန်းရရှိစေရေး ရည်မှန်းချက် မိုးစပါးနယူးဧရာ-၁၁  မျိုးသန့်စံပြစိုက်ခင်း တောင်သူများအား  မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ပန်းတိုက်အထွက်နှုန်းရရှိစေရေးရည်မှန်းချက် မိုးစပါးနယူးဧရာ -၁၁ မျိုးသန့် စံပြ စိုက်ခင်းတောင်သူများအား မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်  ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
သာပေါင်းမြို့နယ်၊ သံလျက်စွန်းကျေးရွာတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မြေမြှုပ်ထည့်သွင်းစိုက်
Jun 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်၊သဲဖြူ ကျေးရွာအုပ်စု၊သံလျက်စွန်း ကျေးရွာတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မြေမြှုပ်ထည့်သွင်းစိုက်ပျိုးခြင်းကို ဇွန်လ ၈ ရက်နေ့၊မွန်းလွဲ ၁ နာရီခွဲအချိန်က တောင်သူဦးမြင့်စိုး၏ ကွင်းအမှတ် (၆၇၉)၊ ဦးပိုင်အမှတ်(၄/၂)၊(၅)ဧက လယ်မြေ၌ ထည့်သွင်းခဲ့ကြသည်။
ကျိုက်လတ်မြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ စီးနင်းသုံးစွဲမှု မရှိစေရေး စစ်ဆေးဆောင်ရွက်
Jun 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ မြို့ဝင်/ထွက် တပေတမော့ ပူးပေါင်း စစ် ဆေးရေးဂိတ်တွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ Ambulanceယာဉ်များ၊ သာသနာနံပါတ်တပ်မော်တော်ယာဉ်များ၊ ယာဉ်နံပါတ် အတုတပ်သုံးစွဲနေမှုများ မရှိစေရေးအတွက် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ကျွန်းလှမြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းခြင်း ကွင်းသရုပ်ပြ
Jun 10,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မန်ကျည်းအင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၂) တောင်သူ ဦးသန်းထွန်းဦး၏ လယ်မြေ၌ ယနေ့နံနက် ၈ နာရီက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းခြင်း သရုပ်ပြပွဲ ပြုလုပ်သည်။