သတင်းများ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်၌ ပါဠိပထမပြန် စာအောင်ဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက်
Jun 10,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယနေ့နံနက်ပိုင်းက နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စု ဇလောင်းတောင်ကျေးရွာရှိ ရာဇဓာနီသာမဏေကျော်ကျောင်းတိုက်၌ ကျင်းပသည့် ပါဠိပထမပြန်စာအောင်ဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရေနံချောင်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော
Jun 10,2025
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)နှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျင်းပခဲ့သည်။
မန္တလေးငလျင်ကြီးဒဏ်ကြောင့် မြေခခဲ့သော မိတ္ထီလာမြို့သမိုင်းဝင် မဟာဓမ္မရာဇိကရွှေမြင်တင်စေတီတော်၏ စိန်ဖူးတော်မြတ်အစား ရတနာစိန်ဖူးတော်အသစ် တင်လှူပူဇော်ပွဲအခမ်းအနား ကျင်းပ
Jun 10,2025
မန္တလေးငလျင်ကြီးဒဏ်ကြောင့် မြေခခဲ့သော မိတ္ထီလာမြို့ သမိုင်းဝင်မဟာဓမ္မရာဇိကရွှေမြင်တင်စေတီတော်၏ စိန်ဖူးတော်မြတ်အစား ရတနာစိန်ဖူးတော်အသစ် တင်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲသတ္တမနေ့ ဆက်လက်ဖြေဆိုလျက်ရှိ
Jun 10,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲသတ္တမနေ့ဖြေဆိုခြင်းကို ယနေ့နေ့လယ်ပိုင်းက ဗောဓိကုန်းဘုန်းတော်ကြီးကျောင်းတိုက် ဝိဇ္ဇာသမိဒ္ဓိမဟာရွှေကံသာကျောင်းတော်၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။
သာကေတမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲဆက်လက်ဖြေဆို
Jun 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇိနမာရ်အောင်​စေတီတော် ဝိမုတ္တိရသဓမ္မာရုံ၌ ဇွန် ၄ ရက်မှ ၁၀ ရက်ထိ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီထိ ကျင်းပလျက်ရှိသည်။
ရေးမြို့နယ်၌ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များ ဂုဏ်ပြုပူဇော်သော စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Jun 10,2025
နိုင်ငံတော်မှ ချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် ၂၀၂၄ ခုနှစ်၊ စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်သော စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာ၊ ကျိူက်ဒေတမော့ဗရတ်ကျောင်းတိုက်၌ ကျင်းပသည်။
ဖြူးမြို့နယ်၌ မိုးစပါးစိုက်ပျိုးနိုင်ရေး (၁၅၁၀၅၃) ဧက လျာထားပြီး (၄၉၉၀၉)ဧက စိုက်ပျိုးပြီးစီး
Jun 10,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၅ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် (၁၅၁၀၅၃) ဧက လျာထားပြီး လျာထားစိုက်ဧကပြည့်မီရေး ဆောင်ရွက်လျက်ရှိရာ (၄၉၉၀၉)ဧက စိုက်ပျိုးထားပြီးကြောင်း မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
ထန်းတပင်မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ
Jun 10,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် သစ်တောသစ်ပင်များ သစ်တောဂေဟစနစ်များ စဥ်ဆက်မပျက်တည်တံ့ရေး သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်းလန်းစိုပြေရေးကို အထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လှမ်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က စစ်တောင်းတံတားအနီးလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။