ပေါင် ဇွန် ၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာ၌ ဇွန်လ (၃) ရက်နေ့နံနက် (၁၀) နာရီအချိန်က ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွေ့ခဲ့ရသည့် ပြည်သူများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လက်ပံကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ရသည့် ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၈၀၀,၀၀၀ိ/-) ကျပ်၊ အိမ်ထောင်စု (၈) စုရှိ လူဦးရေ (၂၅) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၂၅,၀၀ဝိ/-) ကျပ်၊ စုစုပေါင်းငွေကျပ် (၉၂၅,၀၀၀ိ/) အား ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ရသည့် ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)