သံတောင်ကြီးဒေသထွက်ရာသီစာ ဒရင်ကောက်ပင်များလိုက်လံချိုးယူရောင်းချသူများပိုများလာ
Jun 11,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုအချိန်တွင် အလုပ်အကိုင်များ ရှားပါးလာသည်နှင့်အားလျော်စွာ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် ဥယျာဉ်ခြံအတွင်းရှိ ချောင်းငယ်များ၏ ဘေးပတ်ဝန်းကျင်တစ်လျောက်နှင့် လယ်ကွက်များတွင် သဘာဝအတိုင်း ပေါက်ရောက်သည့် ဒရင်ကောက်ပင်များကို လိုက်လံချိုးယူရောင်းချသူများ ပိုများလာကြောင်း သိရသည်။