အမာ ဖေဖော်ဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယမန်နေ့နံနက် (၁၁)နာရီက ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းက အမှာစကားနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး ဆရာဦးသူရိန်ဝင်းက ပြိုင်ပွဲနှင့်ပတ်သက်၍ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မူလတန်းအဆင့် (G-2, G-3, G-4) ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းမှ ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)