တပ်ကုန်းမြို့၌ ကပစ(၁)မှ စက်ရုံမှူး ဗိုလ်မှူးကြီး ဇော်မျိုးမင်းနှင့် တာဝန်ရှိသူများ ဆန်၊ ဆီများ ဆက်ကပ်လှူဒါန်း

တပ်ကုန်း ဖေဖော်ဝါရီ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ ချင်းစုကျေးရွာဘုန်းကြီးကျောင်းတွင် ကပစ(၁)မှ စက်ရုံမှူး ဗိုလ်မှူးကြီး ဇော်မျိုးမင်းနှင့် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက ဆန်တစ်အိတ်၊ ဆီနှစ်ပိဿာ၊ ကုလားပဲသုံးပြည်၊ နို့ဆီရှစ်ဗူး၊ ဝတ္ထုငွေ ၅၀၀၀၀ ကျပ်အား အဆိုပါကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒဝံသထံ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် စက်ရုံမှူး ဗိုလ်မှူးကြီး ဇော်မျိုးမင်းက ချင်းစုကျေးရွာပြည်သူ့စစ်(ဌာနေ)အဖွဲ့ ခေါင်းဆောင် ဦးအောင်ဆန်းနှင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် ၂၀ ဦးနှင့် တွေ့ဆုံပြီး ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်များအတွက် ၂၄ ပြည်ရှိ ဆန်လေးအိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)