ရေဦး ဖေဖော်ဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့ အောင်ဆန်းရပ်ကွက်(၅)လမ်းတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၆ နာရီခန့်က လူနေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေဦးမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးဆာမူအဲလ် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီးနှင့်အအတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မိနစ်ပိုင်းအတွင်း မီးထိန်းနိုင်ခဲ့သည်။
မီးလောင်မှုကြောင့် (အကျယ် ၂၄ ပေ၊ အနံ ၂၂ ပေ၊ အမြင့် ၁၂ ပေရှိ သွပ်မိုး၊ နံကပ်၊ အုတ်ခင်း တစ်ထပ်အဆောက်အဦမှာ မီးလောင်ကျွမ်းခဲ့ပြီး လူနှင့်တိရိစ္ဆာန်နှင့် ထိခိုက်မှုမရှိခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ မီးပေါ့ဆစွာသုံစွဲသူ ဦး ××××××× ၊ အောင်ဆန်းရပ်ကွက် အား ရေဦးမြို့နယ် ရဲစခန်းက ပ/(၄/၂၀၂၄) ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။
သန်းသန်း (ရေဦး)