ပန်ဆောင်မြို့၌ တစ်နိုင်တစ်ပိုင် ဇီဇဝါစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

ပန်ဆောင် ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့၌ သီးနှံမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမျိုးစုံစိုက်ပျိုးလျက်ရှိရာ တစ်နိုင်တစ်ပိုင် ဇီဇဝါစိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိကြောင်း သိရသည်။

ခြံအထိ လာရောက်ဝယ်ယူသူ ဇီဇဝါအပင် ၅၀ ကျော် စိုက်ပျိုးထားတာ လေးနှစ်ခန့်ရှိပြီဖြစ်ပါတယ်။ စိုက်ပျိုးရာမှာလွယ်ကူပြီး ကုန်ကျစရိတ်လည်းသက်သာပါတယ်။ မြို့တွင်းရောင်းချကြတဲ့ ပန်းသည်တွေနဲ့ မြို့မှစျေးကိုသွားရောက် ရောင်းချတဲ့ပန်းသည်တွေကခြံအထိ လာရောက်ဝယ်ယူကြပါတယ်။ 

ပန်ဆောင်မြို့တွင် ဇီဇဝါပန်းကို နေအိမ်ခြံဝင်းများအတွင်းစိုက်ပျိုးကြကြောင်း၊ နွေ၊ မိုး၊ ဆောင်း သုံးရာသီ ရေတင်စိုက်ပျိုးကြကြောင်း၊ မိုးရာသီ၌ အထွက်နှုန်းကောင်းပြီး ရောင်းအားပိုမိုကောင်းမွန်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)