ပျော်ဘွယ် ဖေဖော်ဝါရီ ၂၃
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကျင်းပခြင်းကို ဖေဖော်ဝါရီလ(၂၃)ရက်၊ နံနက်(၉)နာရီက ကျူတောဝကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကောလာဟလသတင်းများကို ယုံကြည်မှုမရှိစေရေး၊ ယခုဆွေးနွေးပွဲအတွေ့အကြုံများကို မိမိတို့ရပ်ရွာဒေသသို့ ပြန်လည်ရောက်ရှိပါက မိမိပတ်ဝန်းကျင်တွင်လည်း ထပ်ဆင့် ဆွေးနွေးနိုင်ရေးတို့ကိုလည်းကောင်း မြို့နယ်ဥပဒေအရာရှိ ဦးဇင်ထိုက်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျူတောဝကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)