သတင်းများ

ချောင်းဦးမြို့နယ်၌ ခရမ်းချဉ်သီးမှတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်
Feb 29,2024
စစ်ကိုင်တိုင်းဒေသကြီး မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ခရမ်းချဉ်သီးမှ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းနည်းပညာပေး သင်တန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Feb 29,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဟောင်းကို နှုတ်ဆက်၍ ၁၃၈၆ နှစ်သစ်ကို ကြိုဆိုမည့် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးတက်‌‌ရောက်
Feb 29,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးသည် ယနေ့ နံနက် (၉) နာရီက စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ကျွန်းလှမြို့၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများ အမှန်တကယ်သိရှိစေရန်၊ သတင်းတု၊ သတင်းမှားများကြောင့် စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရန်၊ သတင်းအမှန်ကို သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀) နာရီက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ကျွန်းလှမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့ပြသ
Feb 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့ပြသခြင်းကို ယမန်နေ့နံနက် (၉) နာရီခွဲက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်‌ဈေးရှေ့၌ ဆောင်ရွက်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ ကချင်ရိုးရာ ဂျပ်ခုတ်နှင့် ရက်ကန်းလုပ်ငန်း သင်တန်းကျောင်း ဖွင့်ပွဲကျင်းပ
Feb 29,2024
ကချင်တစ်မျိုးသားလုံး၏ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေးနှင့် သက်ဆိုင်သော ပဒန်ရှရီ (Padang Shayi) ကချင်ရိုးရာ ဂျပ်ခုတ်နှင့် ရက်ကန်းလုပ်ငန်း သင်တန်းကျောင်းဖွင့်ပွဲ (ကောင်းချီးခံယူဆုတောင်းဝတ်ပြုပွဲ) အခမ်းအနားကို ဖေဖော်ဝါရီ (၂၇) ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့၊ ပ.လ.န၊ အမှတ် (၂) ကံ့ကော်မြိုင်ကျေးရွာရှိ အဆိုပါ သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
တပ်ကုန်းမြို့၌ မြေအောက်ရေအသုံးပြု၍ မီးဖိုချောင်သုံး ဆောင်းသီးနှံဧက ၂၂၀၀ လျာထား စိုက်ပျိုး
Feb 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယခုနှစ် ဆောင်းရာသီအတွင်း မြေအောက်ရေအသုံးပြုပြီး မီးဖိုချောင်သုံး ဆောင်းသီးနှံဧက  ၂၂၀၀  လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နမ့်စန်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၃၅၃) ဦး ဝင်ရောက်ဖြေဆိုမည်
Feb 29,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မတ်လအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စာစစ်ဌာန (၂) ခုမှ အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ (၃၃၇) ဦး၊ အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ (၁၆) ဦး၊ စုစုပေါင်း (၃၅၃) ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။