ပြည်ကြီးတံခွန် ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က (၃၂) ကျောင်းခန်းမ၌ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ရှေးဦးစွာ စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး အ-ထ-က(၃၂) ကျောင်းမှ Grade-9 ကျောင်းသား မောင်ကိုကိုလင်းက လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ပြီး Grade-10 ကျောင်းသူ မထူးရတနာဝေက လူငယ်နှင့် Social Media ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်အာကာဖြိုးက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း စသည့်ပါဝင်သော အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကလည်း အသီးသီး အပြန်အလှန် မေးမြန်းဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။
ဇင်မင်းမောင်