ပန်းဘဲတန်း ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရုံး Community Centre ခန်းမ၌ ဇူလိုင်လ ၂၂ ရက်နေ့နံနက် ၁ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ကြွယ်ဝလာစေရန်ရည်ရွယ်၍ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူ ၃၅ ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီးနောက် ပြိုင်ပွဲတွင်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံနံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြူဖြူဝင်း(ပြန် /ဆက်)