တောင်တွင်းကြီးမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်ပေးလျက်ရှိ 

တောင်တွင်းကြီး ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကိုယ်ရေးအချက်အလက်(Biographic)၊ ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို တောင်တွင်းကြီးမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ One Stop Service ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းလုပ်ငန်းအား ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် တောင်တွင်းကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက တောင်တွင်းကြီးမြို့နယ်မြန်မာ့စီးပွားရေးဘဏ်နှင့်ပူးပေါင်း၍ ပင်စင်လာရောက်ထုတ်ယူသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ဇူလိုင် (၂၃) ရက်နေ့မှ စ၍ ဇူလိုင် (၃၁) ရက်နေ့အထိ နေ့စဉ်နံနက် (၉) နာရီမှ ညနေ(၄)နာရီ မိနစ်(၃၀)အထိ တောင်တွင်းကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

နောင်နောင်(ဗိဿနိုးမြေ)