ကော့သောင်း ဖေဖော်ဝါရီ ၁၄
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင်ကျရောက်သည့် မြန်မာနိုင်ငံကလေးများအထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကော့သောင်းမူလတန်းကြိုကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို ကော့သောင်းမူကြိုကျောင်းမှ ကလေးငယ်များ၏ "ထာဝရသစ္စာ" သီချင်းဖြင့် ဖွင့်လှစ်ခဲ့ကြပြီး ကော့သောင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ကြည်အေးက ကလေးများနေ့ ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများတစ်ဦးချင်း ကဗျာရွတ်နှင့် အဖွဲ့လိုက် ကဗျာရွတ်ပြိုင်ပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲတိုကို ယှဉ်ပြိုင်ခဲ့ကြရာ အကဲဖြတ်အဖွဲမှ ကြည့်ရှုအကဲဖြတ် အမှတ်ပေးခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် အကအလှများဖြင့်ကပြ ဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ဆောင်ရွက်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသားမိဘများက ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများမှ ဆုရရှိသော ကျောင်းသား၊ သူလေးများအား အမှတ်တရ ဆုလက်ဆောင်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)