မိုင်းခုတ်မြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လှည့်လည်နှိုးဆော်

မိုင်းခုတ် ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၈) နာရီခွဲအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်​ထောက်ဦးစီးမှူး ဦးသက်လွင်ဇော်နှင့် တပ်ဖွဲ့ဝင်များက မိုင်းခုတ်မြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့နေအိမ်များတွင် မီးဘေးအန္တရာယ်များ မဖြစ်ပွား မပေါ်ပေါက်စေရေး၊ ပြည်သူများ ပေါ့ဆစွာသုံးစွဲ‌ခြင်းမှ ရှောင်ကြဉ်ရန်နှင့် မီးစနစ်တကျသုံးစွဲတတ်စေရန်၊ မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းများထားရှိစေရန်၊ အရေးပေါ် ဖြစ်ပွားလာပါက ချက်ချင်းသတင်းပေးပို့နိုင်ရေးနှင့် ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များအား သိရှိစေရန်ရပ်ကွက်၊ ကျေးရွာများအတွင်း မီးသတ်ယာဉ်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)