မြောင်းမြမြို့နယ်တွင် ကြိမ်နှင့်ဝါးလက်မှုပညာ အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မြောင်းမြ ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ မြစိမ်းရောင်တောင်တော် သာသနာ့ နယ်မြေ၌ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံကြိမ်နှင့်ဝါး လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ကြိမ်နှင့်ဝါးလက်မှုပညာ အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ရှေးဦးစွာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ဦးက အမှာစကားပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံကြိမ်နှင့်ဝါး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသောင်းအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြောင်းမြခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြောင်းမြခရိုင်
အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၈) ဦးတို့အား သင်တန်းဆရာ၊ ဆရာမ (၅) ဦးတို့က ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၉) ရက်နေ့အထိ ရက်သတ္တပတ် တစ်ပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြောင်းမြခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်နှင့် မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊   ဌာနဆိုင်ရာတာဝန်ရှိသူများ၊  သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)