သတင်းများ

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်
Feb 22,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် ကျောင်းသားကျောင်းသူများ ကျောင်းပိတ်ရက် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ညနေ ၃ နာရီက လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့သည်။
စစ်ကိုင်းမြို့တွင် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ
Feb 22,2024
စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ခရိုင်/ မြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ပြသခြင်း အခမ်းအနားကို ဖေဖော်ဝါရိ (၂၂) ရက်၊ နံနက်(၉)နာရီက အဆိုပါဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့ နယ်တွင် ပြည်သူများယာဥ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်အမှတ် (၈၀) ယာဥ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)မှ တာဝန်ရှိသူများသည် လမ်းသွားလမ်းလာပြည်သူများ ယာဥ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းစေရေး ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီး ဦးထုပ်တပ်ဆင်မောင်းနှင်ခြင်း ရှိ/မရှိ၊ဝန်ပိုတင်ဆောင်ထားခြင်း ရှိ/မရှိနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုရှိစေရေး လိုက်လံစစ်ဆေးအသိ ပညာပေးဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ (၂၂) ရက်နေ့ နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်၊လမ်းမကြီးများပေါ်တွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြသည်။
ဝါးခယ်မမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ အာဟာရဒါနကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား အာဟာရဒါန ကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။
ပူတာအိုခရိုင်၌ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ၏၊ “အမွေခံတစ်ယောက် အမွေပေးသူ တစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Feb 22,2024
ကချင်ပြည်နယ်၊ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်းမှုဖြင့် လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်များတိုးပွားလာစေရန်၊ အဖွဲ့အစည်း အသင်းအဖွဲ့များတွင် ပါဝင်ဆွေးနွေးနိုင်သည့် လူငယ်များဖြစ်ပေါ်လာစေရန်နှင့် စာပေဝါသနာရှင်များ အချင်းချင်းရင်းနှီး ချစ်ခင်မှုများရရှိစေရန်အတွက် စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ၏လူငယ်နှင့်ပညာဆိုင်ရာစာစုဖြစ်သည့် “အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဖေဖော်ဝါရီ (၂၁) ရက် ညနေ (၄) နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။
ရွှေဘိုတက္ကသိုလ်၌ စာသင်​ဆောင်အ​ဆောင် (၁၆) ကျောင်း​ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 22,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုတတ္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စာသင်​ဆောင် အဆောင် (၁၆)​ ကျောင်း​ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန် အဆိုပါ​တက္ကသိုလ်ရှိကျောင်း​ဆောင်​ရှေ့တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဗဟန်းမြို့နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ
Feb 22,2024
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ မြို့နယ်လူငယ်‌ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကို ယမန်​နေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Feb 22,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၆(A)လမ်းနှင့် ၁၁၄(D)လမ်းရှိ ပုညနန္ဒာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။