ဖျာပုံ ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်အမှတ် (၈၀) ယာဥ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)မှ တာဝန်ရှိသူများသည် လမ်းသွားလမ်းလာပြည်သူများ ယာဥ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းစေရေး ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီး ဦးထုပ်တပ်ဆင်မောင်းနှင်ခြင်း ရှိ/မရှိ၊ဝန်ပိုတင်ဆောင်ထားခြင်း ရှိ/မရှိနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုရှိစေရေး လိုက်လံစစ်ဆေးအသိ ပညာပေးဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ (၂၂) ရက်နေ့ နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်၊လမ်းမကြီးများပေါ်တွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြသည်။
အဆိုပါ ပြည်သူများ ယာဥ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းစေရေး၊အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှတ် (၈၀)ယာဥ်ထိန်း ရဲတပ်ဖွဲ့စု (ဖျာပုံ) မှ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲအုပ် ဝိုင်းအောင်ချစ် ပါဝင်သော ယာဥ်ထိန်းတပ်ဖွဲ့ ဝင်များသည် မြို့ပေါ်ရပ်ကွက်များအတွင်း မောင်းနှင်သွားလာလျက်ရှိသော မော်တော်ယာဥ်များအား ယာဥ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းစေရေး၊ ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်တပ်ဆင်မောင်းနှင်ခြင်းရှိ/မရှိ၊ ဝန်ပိုတင်ဆောင်ထားခြင်းရှိ/မရှိနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်ကမ်းလိုက်နာမှုရှိစေရေး၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး၊အသိပညာဟောပြောခြင်းကို မြို့နယ်အတွင်း လိုက်လံစစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)