စစ်ကိုင်း ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ခရိုင်/ မြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ပြသခြင်း အခမ်းအနားကို ဖေဖော်ဝါရိ (၂၂) ရက်၊ နံနက်(၉)နာရီက အဆိုပါဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက စစ်ကိုင်းခရိုင်/ မြို့ နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ အခြားမြို့နယ်များနဲ့ ကျန်ပြည်နယ်/ တိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ်များမှာ ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်လာမည့် တိုက်တာအဆောက်အဦပြိုကျမှု၊ မီးလောင်မှုနှင့် အသက်အန္တရာယ်ထိခိုက်မှုတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ လျှင်မြန်စွာတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် ယခုလိုဇာတ်တိုက် လေ့ကျင့်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက ခေတ်မီစက်ကရိယာများအသုံးပြု၍ ပိတ်မိလူနာများကယ်ဆယ်ခြင်းနှင့် မီးငြိမ်းသတ်ခြင်းတို့ကို လက်တွေ့လေ့ကျင့်ပြသခဲ့ကြသည်။
လေ့ကျင့်ပြသရာသို့ လေးကျွန်းမြေအုဌ်ကျောင်းတိုက်ဆရာတော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး အလှူငွေများကိုပေးအပ်ရာ ခရိုင်/ မြို့နယ် မီးသတ်ဦးစီးမှူးများက လက်ခံပေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)