ဒေးဒရဲမြို့နယ်၌ (Grade-5)၊ (Grade-9)စာမေးပွဲ ကြီးကြပ်ရေး ဆရာ၊ ဆရာမများအား လုပ်ငန်းလမ်းညွှန်ဆွေးနွေးပွဲ ကျင်းပ
Feb 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခြေခံပညာဦးစီးဌာနက ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (Grade-5)၊ (Grade-9)စာမေးပွဲများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးရေးနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်းများကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ (Grade-5)၊ (Grade-9) စာမေးပွဲဆိုင်ရာ ကြီးကြပ်ရေး ဆရာ၊ ဆရာမများအား လုပ်ငန်းလမ်းညွှန်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။