တွံတေးမြို့နယ်တွင် ၂၀၂၄ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်
Mar 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းကို အုန်းပင်စုရပ်ကွက်၊ မြို့မဘောလုံကွင်း၊ ဗိုလ်မှူးအောင်ဆန်းသူရိယအေးချိုအားကစားခန်းမနှင့် (ခ)အဆင့်အား ကစားရုံတို့တွင် ယမန်နေ့ ညနေ ၃ နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အားကစားဝါသနာပါသူ သင်တန်းသား၊ သင်တန်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။