သတင်းများ

ဖျာပုံမြို့နယ် ကွန်ဒိုင်းကျေးရွာတွင် ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
Mar 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကွန်ဒိုင်းကျေးရွာအုပ်စုတွင် အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊ ပြည်သူများအား လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါ​ကျေးရွာဘုန်းတော်ကြီးကျောင်း ဘုရားတန်​ဆောင်းတွင် ပြုလုပ်ပေးခဲ့သည်။
ငါန်းဇွန်မြို့၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်
Mar 01,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမမှာ ယနေ့ နံနက် ၉ နာရီခွဲက ကလေးအလုပ်သမားပ ပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ရုံးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးရှင်းလင်းပွဲကျင်းပ
Mar 01,2024
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာ ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
Mar 01,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများ၊ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ချက်များနှင့် ပတ်သက်၍ သိရှိနားလည်သဘော ပေါက်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စတင်ကာ ကျေးရွာ/ရပ်ကွက်များသို့ အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ ဆောင်းရာသီအားကစား သင်တန်းဆင်းပွဲကျင်းပ
Mar 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာကြံ့ခိုင်သော လူငယ်၊ လူရွယ်များ ဖြစ်လာစေရန်၊ နိုင်ငံတော်မှ အားထားရသော မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဆောင်းရာသီအခြေခံ အားကစားသင်တန်းသင်းတန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းအချိန်က ဖျာပုံမြို့နယ် ပြည်သူ့အားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။
ဆေးဝါးတက္ကသိုလ်(မန္တလေး)၌ ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲ ကျင်းပ
Mar 01,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဆေးဝါးတက္ကသိုလ် (မန္တလေး)၊ ဘက်စုံခန်းမတွင် ယနေ့ နေ့ ၂ နာရီ အချိန်က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဟောပြောပွဲကို ကျင်းပခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး၊ မွန်ပြည်နယ်အတွင်းသို့ အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/ ၂၀၂
Mar 01,2024
မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စီးပွားရေးအရ အချက်အခြာကျသည့် နေရာတစ်ခုဖြစ်ပြီး
နာဂဒေသလေရှီးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲပြုလုပ်
Mar 01,2024
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆို ထောက်ခံပွဲပြုလုပ်ရာ မြို့မရပ်ကွက်၊ အ-မ-က ကျောင်းရှေ့၌ ယမန်နေ့ နံနက် ၈ နာရီအချိန် က စုရပ်ပြုလုပ်ပြီး နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် မြို့မ-အမကကျောင်းရှေ့မှ ဗိုလ်ချုပ်လမ်း အတိုင်း ငြိမ်းချမ်းစွာချီတက်ကာ ချီတက်လာရာလမ်း‌ကြောင်း တစ်လျှောက်ပြည်သူ့စစ်မှုထမ်း ဥပဒေကို ထောက်ခံပါသည်။