သတင်းများ

ညောင်ဦးမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Jun 06,2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲနှင့်ပါဠိပထမပြန်စာမေးပွဲကို ဇွန် ၆ ရက် ယနေ့တွင်လည်း ပုဂံမြို့ဟောင်း ဇဗ္မုဒီပဗိမာန်တော်ကြီးတွင် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
လွိုင်လင်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များ ပြသ
Jun 06,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Center)ခန်းမတွင် ယမန်နေ့နံနက်ပိုင်း ၁၀ နာရီအချိန်က ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များအားပြသထားရာ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူလေးများမှ စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ရန်ကင်းမြို့နယ်၌ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Jun 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မွေးကင်းစမှအသက် နှစ်နှစ်အောက် ကလေးငယ်များအား ကျန်းမာသန်စွမ်းရောဂါကင်းစင်စေရေးအတွက် လစဉ် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းနှင့် မိခင်များအားငှက်ဖျားပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၁၉ နာရီက အမှတ်(၁)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။
လင်းခေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် (ပထမ)အကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 06,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့၊ တပ်နယ်မိသားစု၏ ၂၀၂၅ ခုနှစ် (ပထမအကြိမ်) မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက တပ်နယ်စိုက်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်းထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 06,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင်းထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျောက်တန်း-သီးကုန်းလမ်း မိုင်တိုင် အမှတ် ၅/၁ မိုင်ရှိ မောင်းမကန်ကျေးရွာအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(PFIZER VACCINE )ကွင်းဆင်းထိုးနှံပေး
Jun 06,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ပြည်သူများ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒေသတွင်းရှိ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဇွန် ၄ ရက်နေ့ကစပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ( PFIZER VACCINE ) ထပ်ဆောင်းကာကွယ်ဆေး ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ တတိယနေ့ယှဥ်ပြိုင်နေမှု တက်ရောက်ကြည့်ရှုအားပေး
Jun 06,2025
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ တတိယနေ့ပွဲစဥ်များကို ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
တောင်ကြီးမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား ကျင်းပ
Jun 06,2025
သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို ကောင်းမွန်အောင်ထိန်းသိမ်းရန်၊ ပတ်ဝန်ကျင်းညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးကို အလေးထားဆောင်ရွက်ရန် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာ့နိုင်ငံများက ဝိုင်းဝန်းပူးပေါင်းဖြေရှင်းနိုင်ရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား ကျင်းပခဲ့သည်။