သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအား တက်ရောက်
Jun 05,2025
ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ သဘာဝပတ်ဝန်းကျင်စိန်းလမ်းစိုပြေရေး၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ထိန်းသိမ်းနိုင်ရေးတို့ကို ရည်ရွယ်၍ ပုသိမ်မြို့အမှတ်(၃၆) မှန်စက်ရုံဝန်းအတွင်း၌ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအစည်းအဝေး (၁/၂၀၂၅) သို့တက်ရောက်
Jun 05,2025
တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရေးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှု တာဝန်ရှိသူများလိုက်လံကြည့်ရှုအားပေး
Jun 05,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ ၂ ရက်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မွန်ပြည်နယ်၊ရေးခရိုင်၊ရေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား၊ကျောင်းသူများ အေး ချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားနေပြီဖြစ်ကြောင်းသိရသည်။
ငါန်းဇွန်မြို့၌ ပါဠိပထမပြန်စာမေးပွဲ ဆက်လက်ဖြေဆို
Jun 05,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယနေ့မွန်းတည့် ၁၂ နာရီက မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲ (ဒုတိယနေ့) (ကြီး၊လတ်၊ ငယ်၊ မူ) တန်းများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်၌ “၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jun 05,2025
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာများ တိုးမြှင့်လာ‌စေရန်ရည်ရွယ်၍ “၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မိုးရာသီ(ပထမအကြိမ်) သစ်ပင်စိုက်ပွဲနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်
Jun 05,2025
ကရင်ပြည်နယ်သစ်တောဦးစီးဌာနတွင် ကျွန်းနှင့်သစ်မာမျိုးစုံ ၂၁၅၀၀၀ (နှစ်သိန်းတစ်သောင်းငါးထောင်)ပင် ပျိုးထောင်ထားရှိပြီး ခရိုင်၊ မြို့နယ်များအလိုက် အခမဲ့ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ရာ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီ(ပထမအကြိမ်) သစ်ပင်စိုက်ပွဲအနေဖြင့် ယနေ့နံနက် ၇ နာရီက ဘားအံမြို့နယ်၊ မိဇံမွေးမြူရေးဇုန်၌ ကျွန်းနှင့် သစ်မာပင်ပေါင်း ၁၁၅၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ကျောက်ဆည်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Jun 05,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင်  ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ မွှန်းလွဲ(၁)နာရီက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦး စီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ  ပုလဲရွှေရည်ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။