ညောင်ရွှေမြို့နယ်အတွင်း ပထမရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ ဇွန် ၆

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန် ၆ ရက်က ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အသက်(၁၀) နှစ်ပြည့်ပြီး ကျောင်းသား/ ကျောင်းသူများကို ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသစ်ပြုလုပ်ပေးအပ်ခဲ့ကြောင်း၊ ကွင်းဆင်းဆောင်ရွက်မှုလုပ်ငန်းအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိုးရနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

မြို့နယ် (ပြန်/ဆက်)