စဉ့်ကိုင်မြို့၌ ရက် ၁၀၀ စီမံချက်ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံးအား မီးခလုတ်နှိပ်၍ ဓာတ်အားပို့လွှတ်ပေး
Jun 07,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း မန္တလေးလျှပ်စစ်ဓါတ်အားပေး ကော်ပိုရေးရှင်းမှ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူများ လျှပ်စစ်ဓါတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ရွာနိုင်ရပ်ကွက်လမ်းဆုံတွင် တည်ဆောက်ခဲ့သည့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် အုန်းပင်ခြံကျေးရွာလမ်းဆုံတွင် တည်ဆောက်ခဲ့သည့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးတို့အား ယမန်နေ့ နံနက် ၉ နာရီမှစ၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတိုက်ကြည်တို့က မီးခလုပ်နှိပ်၍ လျှပ်စစ်ဓါတ်အား ပို့လွှတ်ပေးခဲ့ကြောင်း သိရသည်။