ပေါင်းတည်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်

ပေါင်းတည် ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို လစဥ်ပင်စင်ထုတ်ရက်များတွင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ယခုလအတွက် ဆက်လက်ဆောင်ရွက်ပေးကြသည်။

နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်းများ ကျန်းမာတက်ကြွသော လူကြီးဘဝရရှိစေရေးအတွက် ပေါင်းတည်မြို့နယ်ရှိ အငြိမ်းစားဝန်ထမ်းဟောင်းများအား မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ် ဦးဆောင်သော ဆရာဝန် ဆရာမများ ကျန်းမာရေးဝန်ထမ်းများက အခြေခံရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ဆီးချိုသွေးချိုတိုင်းတာ‌ပေးခြင်း၊ သွေးပေါင်ချိန်စစ်ဆေးပေးခြင်းနှင့် လိုအပ်သောဆေးဝါးများ ပေးခြင်းနှင့် ကုသပေးခြင်းများကို (အခမဲ့) စစ်ဆေးကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေသား