ရွှေတောင် ဇွန် ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဇွန်လ ၂၂ ရက်နေ့နံနက်ပိုင်းက စာရေးဆရာဒေါက်တာတင်ထွန်းဦး၏"ဖိစီးမှုရှင်း သောကကင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club ဥက္ကဋ္ဌဆရာမကြီး ဒေါ်ခင်ယုနိုင်(အေပရယ်ယုနိုင်ရွှေတောင်)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီအရာရှိဒေါ်ငြိမ်းငြိမ်းသန့်မှ ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာပေမှဗဟုသုတများရရှိစေရန်၊ စာပေဖတ်ရှုခြင်းမှ စာရေးသူများတိုးပွားလာစေရန် စသည့်စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာဒေါက်တာတင်ထွန်းဦး၏ "ဖိစီးမှုရှင်း သောကကင်း" စာအုပ်မှ စာအုပ်ပါအကြောင်းအရာများကို ဆရာမကြီးဒေါ်ခင်ယုနိုင်(အေပရယ်ယုနိုင်ရွှေတောင်)၊ ဦးအုန်းမောင်(မောင်အေးငြိမ်း-သရက်)တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး စာပေချစ်မြတ်နိုးသူများအသင်း Book Club အသင်းဝင်များနှင့် Youth Club အဖွဲ့ဝင် ကျောင်းသား/သူလေးများမှ သက်ဆိုင်ရာခေါင်းစဉ်ကဏ္ဍများအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ အဆိုပါစာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
ကိုကိုမင်း (ပြန်/ဆက်)