အိမ်မဲ ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူဦးကြီးများအတွက် မိုးစပါးအထွက်နှုန်းပန်းတိုင်ရရှိစေရေးဆောင်ရွက်လျက်ရှိရာ ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၄)၊ ဦးပိုင်အမှတ်(၂)ရှိ တောင်သူဦးအောင်မောင်း၏ လယ်မြေ(၃)ဧကတွင် မျိုးစေ့ချ ကိရိယာ (Drum Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ယနေ့နံနက် (၈) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ဆောင်ရွက်ရာ၌ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သွင်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးမြင့်အောင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများဆောင်ရွက်သော မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် မိုးစပါး (ဆာဖိုးသာ)စပါးမျိုး စိုက်ပျိုးခြင်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မျိုးစေ့ချကိရိယာ (Drum Seeder) ကို အသုံးပြု၍ စိုက်ပျိုးခြင်းကြောင့် မျိုးစေ့နှုန်းထားသက်သာခြင်း၊ လုပ်သားသက်သာခြင်း၊ ပေါင်းရှင်းရလွယ်ကူခြင်း၊ သွင်းအားစုထည့်သွင်းရာတွင် လွယ်ကူခြင်း၊ ပိုးသတ်ဆေးဖျန်းရန်လွယ်ကူခြင်း၊ အထွက်နှုန်းပိုမိုရရှိခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ချစ်သက်လယ်