ကရသူရိမြို့၌ စာဖတ်ရှိန်မြှင့်တင်‌‌ရေး စာအုပ်/ စာစောင်များအား Mobile Library စနစ်ဖြင့် ငှားရမ်းပေး

ကရသူရိ ဇွန် ၁၉

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ စာဖတ်ရှိန်မြှင့်တင်‌‌ရေး စာအုပ်/စာစောင်များအား Mobile Library စနစ်ဖြင့် ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကျောင်းသား/သူများသည် ကျောင်းစာများသာမက ပြင်ပ အသိပညာ/ အတတ်ပညာများ ရရှိ‌ရေး စာပေများဖတ်ရှုရန်လိုအပ်ခြင်း၊ ထူးချွန်ထက်မြက်ခြင်း၊ ဉာဏ်ရည်/ ဉာဏ်သွေးဖွံ့ဖြိုးခြင်းတို့သည် စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် အားလပ်သည့်အချိန်များတွင် မိမိဝါသနာထုံရာ စာအုပ်များကို အလွယ်တကူ လေ့လာဖတ်ရှုနိုင်‌ရေး စာဖတ်ရှိန်မြှင့်တင်‌‌ရေးအတွက် လက်ဝယ်အ‌ရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ဂျာနယ်၊ ကာတွန်း၊ ဝတ္ထု၊ ရုပ်ပြ၊ သုတ/ရသ၊ မဂ္ဂဇင်းနှင့်အထွေထွေ ဗဟုသုတစာအုပ်/စာစောင် စုစုပေါင်း(၃၂)အုပ် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)