ညောင်ဦး ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှင်အဇ္ဈဂေါဏဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်ကြီးအား ရွှေသင်္ကန်းအသစ်ပြန် လည်ကပ်လှူပူဇော်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှင်အဇ္ဈဂေါဏဘုရားအတွင်း ထိုင်တော်မူ ဆင်းတုတော်မြတ်ကြီး ရွှေသင်္ကန်းအသစ်ပြန်လည်ကပ်လှူနိုင်ရန် သစ်စေးသုတ်ခြင်းနှင့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများသည် ရွှေသင်္ကန်းအသစ်ပြန်လည်ကပ်လှူမည့် ဆင်းတုတော်မြတ်ကြီး ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကြည့်ရှုစစ်ဆေးသည်။ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးမှူးတို့သည် ညောင်ဦးမြို့၊ အမှတ်(၄)ရပ်ရှိ မဟာဝိသုတာရာမတိုက်သစ်ကျောင်း၊ မြို့နယ်သြဝါဒါစရိယ ဆရာတော်ဘဒ္ဒန္တပညာသီရိထံ သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ် ပစ္စည်းများဆက်ကပ်ကာ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်းသိရသည်။
ဒီပါလင်း