ပေါင်းတည်၌ ဆစ်ဂနယ် (Signal) သွားတိုက်ဆေးအတု ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jun 26,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးနိုင်ဝင်းသိန်းနှင့်ဝန်ထမ်းများဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနနှင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီက ပေါင်းတည်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဆစ်ဂနယ် (Signal) သွားတိုက်ဆေးအတု ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။