ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ အမှတ်(၈၈၀) စာကြည့်တိုက်ဖွင့်ပွဲ ရေစက်ချ မဂ်လာအခမ်းအနား ကျင်းပ
Jun 26,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ သာသနာဗိမာန်ဓမ္မာရုံတွင် ယနေ့နံနက်ပိုင်းက ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲအမှတ်(၈၈၀) စာကြည့်တိုက်ဖွင့်ပွဲ ရေစက်ချမဂ်လာအခမ်းအနားအား ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာကြသူများမှ စာကြည့်တိုက်ဆိုင်းဘုတ်အား အမွေးနံ့သာများနှင့် ပက်ဖျန်းပေးခဲ့ပြီးနောက် နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။