ဘားအံ ဇူလိုင် ၄
ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစား၊ အငယ်စား စီပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး စီမံကိန်းဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (ပထမအကြိမ်)ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၃ ရက် နံနက်၁၀နာရီက ဘားအံမြို့နယ် ဖအုံ့ကျေးရွာအုပ်စု၊ မိန်းမလှကျွန်းကျေးရွာ တွင် ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ကြူကြူလှိုင်က အမှာစကားပြောကြားပြီး သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများအား သင်တန်းသူများထံ ပေးအပ်သည်။
အလားတူ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(ပထမအကြိမ်)ဖွင့်ပွဲကို မွန်းလွဲ ၂ နာရီက ဘားအံမြို့နယ်၊ ကော့လှိုက် ကျေးရွာအုပ်စု ကော့ဒါန်းမယ်ကျေးရွာတွင် ဖွင့်လှစ်သည်။ အခမ်းအနားတွင် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး က အမှာစကားပြောကြားပြီး သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများအား သင်တန်းသား/ သင်တန်းသူများထံ ပေးအပ်သည်။
အဆိုပါ သင်တန်းများကို ဇွန် ၃၀ မှ ဇူလိုင် ၆ရက်အထိ သင်တန်းကာလ (၇)ရက်နှင့် ဒုတိယအကြိမ်သင်တန်းများကို ဇူလိုင် ၁၄ ရက် မှ ၂ဝ ရက် အထိ (၇)ရက်ကြာ သင်တန်းသား၊ သင်တန်းသူ(၁ဝ)ဦးစီဖြင့် စာတွေ့လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်သည်။ သင်တန်းတွင်ထူးချွန်သင်တန်းသား၊ သင်တန်းသူ ငါးဦးစီကို စိစစ်ရွေးချယ်ပြီး ငွေကျပ်(၁၄)သိန်းနှင့် ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများအား ငှားရမ်းသုံးစွဲခွင့်ပေးကာ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်ငါးဦး ပေါ်ထွန်းလာအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ခရိုင်ပြန်ဆက်