တံတားဦးမြို့နယ်တွင် လူငယ်ရေးရာဟောပြောပွဲကျင်းပ

တံတားဦး  ဇူလိုင်  ၄

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းပြီး ဇူလိုင်၃ရက်မွန်းလွဲ၁နာရီက လူငယ်ရေးရာဟောပြောပွဲကို အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

 အခမ်းအနားတွင် မြို့မအခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီချိုက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က လူငယ်ရေးရာဟောပြောပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာရေးဆရာအကြီးကိုကို(ကသာ)က “ထိပ်ဆုံးမှာဆုံကြမယ်”ခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူများအတွက် ခွန်အားပေးခြင်းဖြင့် စာပေဟောပြောပွဲကျင်းပပြီး ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားပေးသည်။

ထို့နောက် စာရေးဆရာ အကြီးကိုကို(ကသာ)က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံယူသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိက စာရေးဆရာအကြီးကိုကို(ကသာ)အား အမှတ်တရဂုဏ်ပြု လက်ဆောင်များချီးမြှင့်ပေးပြီး  စာရေးဆရာက ကျောင်းသားကျောင်းသူများအား အမှတ်တရစာအုပ်များ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ရဲတင့်( ပြန်/ဆက်)