သတင်းများ

လှိုင်းဘွဲမြို့နယ်၌ မိုးစပါး ၁၂၀၈၈၉ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်
Jul 10,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် အတွက် မိုးစပါးစိုက်ဧက (၁၂၀၈၈၉) ဧကကို စိုက်ပျိုးသွားနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားချက်ထားရှိပြီး လျာထားချက်ပြည့်မီစွာ စိုက်ပျိုးသွားနိုင်စေရေးအတွက် တောင်သူများအား ပညာပေးစည်းရုံးခြင်း၊ မိုးစပါးအထွက်တိုးနိုင်စေမည့် စိုက်ပျိုးရေးနည်းစနစ်များကို လက်တွေ့ပါဝင်ကူညီ စိုက်ပျိုးပြသပေးခြင်းလုပ်ငန်းများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဲ ‌ဒေါ်နန်းဝတ်ရည်စမ်းနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မူလတန်းကျောင်းသား၊‌ ကျောင်းသူများ သွားနှင့်ခံတွင်းရောဂါများဖြစ်ပွားမှုမှကင်းဝေးစေရန်  After Lunch tooth brushing activity  အပတ်စဉ်ဆောင်ရွက်
Jul 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိူ့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ မူလတန်း အရွယ် ကျောင်းသား၊ ကျောင်းသူများတွင် သွားနှင့်ခံတွင်းရောဂါများကင်းဝေးစေရန် ရည်ရွယ်၍ After Lunch tooth brushing activity (နေ့လည်စာစားပြီး သွားတိုက်ခြင်း) လှုပ်ရှားမှုအစီအစဉ်ကို ယမန်နေ့နံနက် ၉ နာရီမှစတင်ကာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်းတို့၌ ဆောင် ရွက်ကြကြောင်း သိရသည်။
မိုးညှင်းမြို့၌ ယခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 10,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ယခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်(၁၀)နာရီက ရွာသစ်ကြီးကျေးရွာအုပ်စုမှ တောင်သူ (၁၂၉)ဦး ဧက(၈၅၂) ဧကအတွက် ချေးငွေကျပ် (၁၂၇၈)သိန်းအား အဆိုပါဘဏ်ခွဲတွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဝန်းသိုမြို့နယ်တွင် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Jul 10,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ၁၃၈၇ ခုနှစ်၊ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇူလိုင် ၈ ရက် ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျိုက်လတ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့်အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ဇူလိုင်(၈)ရက်၊ နေ့လယ်ပိုင်း က ပန်းဘဲစုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်တွင် မိုးများစွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား
Jul 10,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်က မိုးများရွာသွန်းမှုကြောင့် ဒေါင်းမြူးချောင်းရေမြင့်တက်ခဲ့ပြီး ရပ်ကွက်အချို့အတွင်း ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သာစည်လမ်းမှ ရွှေတောင်-ချောက်ပင်-ခင်းလူးလမ်းတာချဲ့၍ ကျောက်ချောလမ်းခြင်းလုပ်ငန်း ဆောင်ရွက်
Jul 10,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် သာစည်လမ်းမှ ရွှေတောင်-ချောက်ပင်-ခင်းလူးလမ်းတာချဲ့၍ ကျောက်ချောလမ်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဖျာပုံမြို့တွင် ဘုရား၊ စေတီ၊ ပုထိုးများ၌ ဝါဆိုလပြည့်နေ့ စတုဒီသာကျွေးမွေးခြင်းနှင့် ဘုရားဖူးများဖြင့်စည်ကား
Jul 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြည်လုံးချမ်းသာသာစည်ဘုရားကြီး၊ ရွှေနတ်ကူဘုရားကြီး၊ မြောက်ပိုင်းဘုရားကြီးနှင့် မြို့နယ်အတွင်းရှိ​ စေတီ၊ ပုထိုးများတွင် ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့် ဓမ္မစကြာနေ့၌ စတုဒီသာကျွေးမွေးခြင်းနှင့် ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြသည်။