ဝန်းသို ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ၁၃၈၇ ခုနှစ်၊ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇူလိုင် ၈ ရက် ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါမြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ရာတွင် မြို့ပေါ်ကျောင်းတိုက်အသီးသီးရှိ သံဃာ တော်များ၊ သီလရှင်များ စုစုပေါင်း(၁၅၉)ပါးတို့က မဟာမှန်ကျောင်း ကျောင်းတိုက်ရှေ့စုရပ်မှ မြို့နယ်ပြည်သူ့ဆေးရုံလမ်း၊ ဟော်တော်ဦးဘုရားလမ်း၊ မြို့မဈေးတောင်ဘက်လမ်းနှင့် အနောက် ဘက်လမ်းတို့ကို လှည့်လည်၍ ကြွရောက်တော်မူခဲ့ရာ အမှတ်(၁၂၀၊၁၁၁)ခြေမြန်တပ်ရင်းတို့မှ တပ်မတော်သားမိသားစုများ၊ ကောလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁)၊ ဒုတိယဗိုလ်မှူးကြီး သိန်းဇော်လင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး အောင်မျိုးသူနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ဒေသခံပြည်သူအလှူရှင်များတို့က ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ကို လောင်းလှူခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)